2.jpg

MSI and Taylor Event

“ The Best Performing Partner in 2017 ” ဆုရ MSI နှင့် Taylor’s University တို့ပူးပေါင်းပြီး မလေးရှားနိုင်ငှိအမေရိကန် ပညာရေးလမ်းကြောင်းများ ၊ သြစတေးလျအစိုးရ အသိအမှတ်ပြု တက္ကသိုလ်အကြို Foundation ၊ ဆေးပညာဘာသာရပ် နှင့် နိုင်ငံတကာ ပညာရေး လမ်းကြောင်းများအကြောင်း မျှဝေပွဲကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင်အောင်မြင်စွာ  ကျင်းပပြုလုပ်ပေးခဲ့သည်။
Taylor’s University မှ မြန်မာနိုင်ငံတွင် ပထမဆုံး ချီးမြှင့်သည့် “ The Best Performing Partner in 2017 ” ဆုကို ရရှိထားပြီး  Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှု နှင့် မလေးရှားနိုင်ငံရှိ Taylor’s University  တို့ ပူးပေါင်း၍ SACE , MBBS နှင့် American Transfer Program ၊ ပြင်သစ်နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေး  အစရှိသည့် ဆေးပညာနှင့်နိုင်ငံတကာ ပညာရေးလမ်းကြောင်းများ အကြောင်းကို MSI မှတစ်ဆင့် မလေးရှားနိုင်ငံ ရှိ Taylor’s University အပါအ၀င် နိုင်ငံတကာရှိ တက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်းကို  Sule Shangri-La Hotel (Taungngu Room) နှင့် မန္တလေးမြို့ Swan Hotel (Yadanar Room) တို့၌ နှစ်ရက်ဆက်တိုက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းပွဲနေ့တွင် MSI ၏ မန်းနေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပညာသင်ဆုများ၊ထောက်ပံ့ကြေးများ နှင့် MSI မှ ပေးအပ်သော ဝန်ဆောင်မှုများအကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပြီး မလေးရှားနိုင်ငံရှိ Taylor’s University မှ တာဝန်ရှိသူများဖြစ်သော      Lecture Mr Namtha Kumar Jeyaprakasam မှ သြစတေးလျအစိုးရ အသိအမှတ်ပြု တက္ကသိုလ် အကြို Foundation ( SACE ) အကြောင်း ၊Program Directo Ms Preme Ponnudurai မှ အမေရိကန်ပညာရေး ( American Degree Transfer Program ) နှင့် Professor                        Dr Win Min Thein မှ ဆေးပညာဘာသာရပ် ( MBBS ) များအကြောင်းကို အသေးစိတ် ဆွေးနွေးသွားပြီး Taylor’s University မှ Foundation , Diploma , Advance Diplpma,  Bachelor , Master နှင့် Doctoral တန်းများထိ သင်ကြားပေးနေပြီး Business , Biosciences , Computing and IT , Communication , Design , Engineering , Education , Hospitality , Engineering ,Computer Scicence , Food & Leisure Management , Law , Liberal Arts & Sciences , Medicine နှင့် Pharmacy ဘာသာရပ်များကို တက်ရောက်နိုင်မည် ဖြစ်ကြောင်းရှင်းလင်း ပြောကြား ပေးခဲ့သည်။
 
ရန်ကုန် ဖုန်း : 09-5103915, 09-420037616,01-389915,
မန္တလေး ဖုန်း : 09-402517549,      09-767847673, 09-976058626 သို့ဆက်သွယ် ၍သော်လည်း ကောင်း ၊
လူကိုယ်တိုင်လာရောက် စုံစမ်းမေးမြန်းလိုပါက ..........
MSI ရုံးခန်း လိပ်စာ : အမှတ် (၂၃၄) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်) ၊ ဒုတိယထပ် (ညာ) ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ သို့  လာရောက်မေးမြန်းနိုင်သည် ။

Comments

There are no comments

Post a comment