zin-mar-khine.jpg

Zin Mar Khaing Interview

    အသက် (၁၇) နှစ်အရွယ်သာရှိသေးပေမယ့်   ကိုယ့်နိုင်ငံကိုကိုယ်တက်နိုင်တဲ့ဘက်ကနေ  ရသလောက်ကူညီ ပေးချင်တဲ့စိတ်နဲ့   အမေရိကန်တက္ကသိုလ်မှာ    ကြိုးကြိုးစားစားပညာကို  သင်ယူနေလျက်ရှိတဲ့ကျောင်းသူ (၅၀%) ပညာသင်ဆုရမဇင်မာခိုင်အင်တာဗျူး။
 
၁။ အမည်၊ နေရပ်လိပ်စာ။
    မဇင်မာခိုင်၊ အမှတ် (၁၃၉) ၊ (၁၅) လမ်း၊ ပထမထပ်၊ လမ်းမတော်မြို့နယ်မှာနေ ထိုင်ပါတယ်။
၂။ မြန်မာနိုင်ငံမှာနောက်ဆုံးပြီးဆုံးခဲ့တဲ့  ပညာအရည်အချင်းနဲ့  တက်ရောက်သင်ယူနေတဲ့ကျောင်းနဲ့ ဘာသာရပ်။
     သမီးက PISM ကျောင်းမှာ Secondary (2) ကိုနှစ်ဝက်အထိတက်ခဲ့ပြီး  အမနဲ့တူအောင်တစ်နှစ်ခုန်ခဲ့ပါ တယ်။  ကျောင်းထွက်ပြီး homeschooling အနေနဲ့ IGCSE (2017 May-June) စာမေးပွဲနဲ့ IELTS (November) စာမေးပွဲကိုဖြေဆိုခဲ့ပါတယ်။  (2018 January) မှစပြီး Webster University (Thailand Campus) မှာ International Relation (IR) ဘာသာရပ်ကို MSI Overseas Education က ပညာသင်ဆုလျှောက်ပေးလို့ (၄) နှစ်စာလုံးအတွက် ပညာသင်ဆုကိုရခဲ့ပြီး စတင်တက်ရောက်သင်ယူ နေပါတယ်။
၃။ အမေရိကန်တက္ကသိုလ် Webster University (Thailand Campus) ကျောင်းကိုရွေးချယ်ခဲ့ပုံနဲ့ International Relation ဘာသာရပ်ကိုတက်ရောက်ဖို့ဆုံးဖြတ်ဖြစ်ပုံ။
     IGCSE စာမေးပွဲဖြေဆိုနေချိန်မှာရခဲ့တဲ့ flyer တွေနဲ့ MSI ကိုသိရှိခဲ့တယ်။  စာမေးပွဲဖြေဆိုပြီးနောက် MSI ကကျင်းပတဲ့ seminar တွေကိုတက်ပြီးနားထောင်ခဲ့တယ်။ အဲ့ထဲမှာမှ Scholarship တွေပေးနေ တဲ့အမေရိကန်တက္ကသိုလ်   Webster University ကထိုင်းနိုင်ငံမှာရှိလို့ သမီးတို့စိတ်ဝင်စားခဲ့တယ်။ အမေကတော့ပိုပြီးစိတ်ဝင်စားတယ်။ အသက်ငယ်သေးတော့ အဝေးကြီးကိုမလွတ်ချင်ဘူး။ မြန်မာနိုင်ငံ နဲ့အနီးဆုံးမှာရှိပြီး အချိန်မရွေးလာလို့ရတဲ့အပြင် IGCSE ပြီးပြီးမြန်မာနိုင်ငံမှာလည်းဆက်ပြီး ပညာမ သင်ချင်တာရယ်၊ အနီးအနားမှာရှိတာရယ်၊ အသက်ကလည်းငယ်သေးတာကြောင့်ရယ် အမေရိကန် ပညာရေးကို နီးနီးနားနားဖြစ်တဲ့ထိုင်းနိုင်ငံမှာ Scholarship လျှောက်ပြီးကုန်ကျစရိတ် သက်သက် သာသာနဲ့မောင်နှမ (၂) ကောင်းကောင်းနေလို့ရတဲ့ အချက်အချက်တွေက  သမီးတို့ကိုဆွဲဆောင်ခဲ့ တယ်။  International Relation ကိုရွေးချယ်ခဲ့တဲ့အကြောင်းကတော့  သမီးကိုယ်တိုင်ကလည်း IR ဘာသာရပ်ကို  စိတ်ဝင်စားပြီးအထူးသဖြင့် Politics တွေနဲ့ foreign affairs ကိုစိတ်ဝင်စားလို့ IR ဘာသာရပ်ကိုရွေးချယ်ခဲ့ပါတယ်။
၎။ ပညာသင်ဆုရရှိပုံ၊ ပညာသင်ဆုရရှိအောင် MSI နဲ့ဆွေးနွေးပြီးလျှောက်ထားဖြစ်ပုံ။
    IGCSE result မထွက်ခင်ကတည်းက MSI ကိုသွားပြီးဆွေးနွေးခဲ့တယ်။ MSI ကအမတွေက result မထွက်သေးတာကြောင့်ခန့်မှန်းခြေ  result ဘယ်လောက်ရနိုင်လဲလို့ကြိုမေးခဲ့တယ်။  မှန်းထားတဲ့ result  တွေနဲ့ MSI က scholarship လျှောက်ကြည့်ဖို့အားပေးခဲ့တယ်။  Scholarship လျှောက်ဖို့ အတွက်လိုအပ်တဲ့အချက်အလက်တွေကို MSI ကသေချာရှင်းပြပေးခဲ့တယ်။  result တွေရရခြင်း MSI ကိုချက်ခြင်း   လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပေးပြီး  ကျောင်းလျှောက်ဖြစ်ခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ ကူညီလုပ်ပေးခဲ့တဲ့အတွက်  သမီးတို့မိသားစုအားလုံးက MSI ကိုအခုအချိန်ထိ အရမ်းကျေးဇူးတင်နေပါ တယ်။
၅။ အမေရိကန်ပညာရေးစနစ်လမ်းကြောင်းကို  ရွေးချယ်ရတဲ့အကြောင်းရင်းနဲ့  ဆရာတွေကကျောင်းသား တွေကိုဘယ်လိုပုံစံမျိုးသင်ကြားပေးလဲ။
     အမေရိကန်ပညာရေးစနစ်က flexible အရမ်းဖြစ်တဲ့အတွက်  သဘောကျတယ်။  (၂)နှစ်အတွင်းကို  မူလကရွေးခဲ့တဲ့ Major ကိုစိတ်မ၀င်စားဘူးဆိုရင် အပြောင်းအလဲလုပ်နိုင်တဲ့ အခွင့်အရေးနဲ့လမ်း ကြောင်းတွေရှိတယ်။ ကိုယ်သင်ယူခဲ့တဲ့ Credit hours ကိုဆုံးရှုံးမှုမရှိဘူး။ affect သိပ်မဖြစ်ပဲပြောင်း နိုင်ပါတယ်။  အဲဒါကြောင့်ကျောင်းသူ/သားတွေအတွက် အများကြီးအဆင်ပြေတယ် လို့ထင်ပါတယ်။  ဆရာ၊ဆရာမတွေလည်း flexible ဖြစ်အောင်ကြိုးစားပေးပါတယ်။  ကျောင်းစာသင်ခန်းထဲမှာမက ကျောင်းစာသင်ခန်းပြင်ပမှာပါ  available ဖြစ်ပါတယ်။  ကျောင်းသားတွေလိုအပ်ခဲ့သည်ရှိသော် လူကိုယ်တိုင်ဆောင်ရွက်စရာမလိုဘဲ ကိုယ်လိုအပ်တဲ့အကြာင်းအရာအချက်အလက်တွေကို အချိန်မ ရွေး e-mail ပို့ပြီးညှိနှိုင်းနိုင်ပါတယ်။  Websrer University ကအမေရိကန်ပညာရေးစနစ်ဖြစ်တဲ့ အတွက်ကျောင်းသားတွေကိုလည်း ရှင်းပြတဲ့အခါစာအုပ်ကြီးအတိုင်းမဟုတ်ဘဲ  အဓိကအချက်အလက် များကိုသာရွေးထုတ်ပြီး သင်ကြားပေးပါတယ်။  သင်ခန်းစာနဲ့ပက်သက်တဲ့ အပြင်ဗဟုသုတတွေကို သင်ကြားပေးတဲ့ဆရာ၊ဆရာမတွေရဲ့ အတွေ့အကြုံတွေ့နဲ့ပေါင်းပြီး ဥပမာကောင်းကောင်းတွေနဲ့     နားလည်လွယ်အောင်၊  ကွက်ကွက်ကွင်းကွင်းမြင်အောင်  လေ့ကျင့်သင်ကြားပေးပါတယ်။
၆။ International Relation ဘာသာရပ်မှာ Internship (အလုပ်သင်) ရှိ/မရှိ။  Internship (အလုပ်သင်) အကြောင်းကိုသိသလောက်ရှင်းပြပေးပါ။
     International Relation မှာ Internship တွေရှိပါတယ်။  အဲ့ဒီ Internship ကလုပ်ငန်းခွင်အတွက် အကျိုးရှိပါတယ်။  ကျောင်းကပြုလုပ်ပေးတဲ့ Internship and Career Fair ကိုလာရောက်ပါဝင်တဲ့ အများစုက high profile company တွေဖြစ်ပါတယ်။  ဒါကြောင့် Resume ထဲမှာ experience အနေနဲ့ ကျောင်းပြီးတဲ့အချိန်  အလုပ်လျှောက်တဲ့အခါမှာအများကြီး  အထောက်အကူပြုပါတယ်။ ကျောင်းက လည်းကျောင်းသားတွေအတွက်  အဆင်ပြေအောင် Career Fair Preparation Workshop တွေကိုပြု လုပ်ပေးပါတယ်။  အဲ့ဒီမှာကျောင်းသားတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ Local Company တွေနဲ့ Foreign Company တွေရဲ့  Job Market အကြောင်း၊ Resume နဲ့ job application letter ရေးပုံ၊ mock interview နှင့် personality test လိုအပ်တဲ့ Interview skill တွေကို training ပေးပါတယ်။ ဒါပေမယ့် Internship လုပ်မယ့်သူတွေက minimum credit hour ပြည့်ပြီးမှသာအလုပ်လုပ်လို့ရတယ်။  အလုပ် ခွင်အတွက်  အဆင်ပြေအောင်လို့ပါ။
၇။ International Relation နဲ့ Political Science ဘာကွာလဲ။  မသိသေးတဲ့အကြောင်းအရာများရှိလျှင်  ဆရာ၊ဆရာမတွေကိုမေးပေးပါ။  မြန်မာနိုင်ငံမှာရှိတဲ့  ကျောင်းသားလူငယ်တွေအနေနဲ့ International  Relation ဘာသာရပ်ကို  မဖြစ်မနေသင်ယူသင့်တယ်လို့ထင်ပါသလား။  International Relation ဘာ သာရပ်ဟာမြန်မာနိုင်ငံအတွက်  ဘာကြောင့်လိုအပ်တယ်လို့ထင်ပါသလဲ။
     အကြမ်းဖျင်းပြောရရင် International Relation နဲ့ Political Science ကအတူတူလောက်ပါပဲ။  နှစ်ခု လုံးကအစိုးရဖွဲ့စည်းတည်ဆောက်ပုံကို  လေ့လာတာဖြစ်ပါတယ်။  Political Science ကနိုင်ငံတွင်းရေး ရာကိုပိုအားစိုက်တယ်။  International Relation က International ကိုပိုပြီး focus ရှိတယ်။ IR က အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနှင့်  နိုင်ငံရေးရာတွေကို လေ့လာမှုလုပ်ရတဲ့ဘာသာရပ်ပါ။ ကိုယ့်နိုင်ငံ ကောင်းစားဖို့အတွက်  အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနဲ့  နိုင်ငံရေးရာတွေကို  အမြဲလေ့လာသုံးသပ်ရမယ်။ အဲဒါကြောင့် IR ဘာသာရပ်ကမြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေမဖြစ်မနေသိနားလည်  သင်ယူသင့်တဲ့ ဘာသာရပ်တစ်ခုလို့  သမီးကိုယ်ပိုင်အတွေးအနေနဲ့   ယူဆပါတယ်။   အခုလိုဖွံ့ဖြိုးနေတဲ့ခေတ်မှာနိုင်ငံ တွေက  ပူပေါင်းဆောင်ရွက်ခြင်းတွေရှိလာတဲ့အတွက် နိုင်ငံခြားရေးရာက  အရေးကြီးလာပါတယ်။  ဒါကြောင့်သမီးအနေနဲ့ထပ်ပြောရရင် International Relation သည်ယနေ့ရင်ဆိုင်နေရတဲ့  မြန်မာနိုင်ငံ အတွက်မရှိမဖြစ်   လိုအပ်တယ်လို့ထင်ပါတယ်။ 
၈။ အမေရိကန်တက္ကသိုလ် Webster University (Thailand Campus) မှာကျောင်းသွားမတက်ခင်ကနဲ့ အခုကျောင်းတက်ပြီး  မြန်မာနိုင်ငံခဏပြန်လာချိန်မှာ ကိုယ့်ကိုကိုယ်ဘာတွေတိုးတက်ပြောင်းလဲလာ တယ်လို့ထင်လဲ။
   ပြည်ပမှာပညာသင်နေတဲ့အချိန်မှာ  ကိုယ့်ကိုကိုယ်အမြင်ကျယ်လာတယ်လို့ တကယ်ခံစားမိပါတယ်။   ပြဿနာနဲ့အကြောင်းအရာတွေကို အသက် (၁၇) နှစ်ပဲရှိသေးပေမယ့် ကိုယ်တိုင်ဖြေရှင်းတက်လာ တယ်။ အရင်ကထက်ပိုပြီးကိုယ့်ကိုကိုယ် အားကိုးတက်လာတယ်။ စကားပြောဆိုဆက်ဆံတဲ့အပိုင်း တွေမှာလည်း   အရင်ကထက်ပြောရဲဆိုရဲ    ပြောနိုင်ဆိုနိုင်ရှိလာပါတယ်။    
၉။ International Relation ဘာသာရပ်မှာ  ဘယ်လိုအကြောင်းအရာတွေကိုသင်ကြားရလဲ။  ဘွဲ့ရ ကျောင်းပြီးတဲ့သူတွေအနေနဲ့  မြန်မာနိုင်ငံအတွင်းနဲ့ပြည်ပ  အလုပ်အကိုင်အခွင့်အလမ်း။ ဘယ်လိုလုပ် ငန်းခွင်မျိုးတွေမှာလုပ်ကိုင်နိုင်လဲ။
      International Relation မှာနိုင်ငံတွေရဲ့ဖွဲ့စည်းပုံ၊ အပြည်ပြည်ဆိုင်ရာနိုင်ငံရေး၊ နိုင်ငံခြားရေးရာ၊ လူမျိုးရေးရာ၊ သုတေသနနည်းစနစ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားများသမိုင်းတွေကို  သင်ကြားရပါ တယ်။   analytical skills, entical thinking skills နဲ့ problem solving skills တွေကိုလည်းသိရ တယ်။ ဘွဲ့ရကျောင်းပြီးတဲ့အခါ   ပြည်တွင်းမှာတင်မကဘဲပြည်ပမှာလဲ  အလုပ်အကိုင်အခွင့်အလမ်း တွေရနိုင်တယ်လို့သိရတယ်။ နိုင်ငံရေးသမားလက်ထောက်၊  အစိုးရလူမှုရေးသုတေသနအရာရှိနဲ့  နိုင်ငံခြားကိစ္စအတိုင်ပင်ခံစတဲ့ အလုပ်တွေကိုလုပ်ကိုင်လို့ရတယ်။ International Organization တွေ ဖြစ်တဲ့ UN နှင့်အခြားအလားတူ   အဖွဲ့အစည်းတွေမှာလည်း   အလုပ်လုပ်လို့ရတယ်။
၁၀။ Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုအပေါ် ညီမလေးရဲ့အမြင်နဲ့
      မှန်ကန်တဲ့ပညာရေးဝန်ဆောင်မှု၊ ပညာရေးအတိုင်ပင်ခံပုဂ္ဂိုလ်တွေကို  ဘယ်လိုမျိုးရွေးချယ်သင့်လဲ။
      MSI က၀န်ဆောင်မှုသည် အလွန်ကောင်းပါတယ်လို့ထင်ပါတယ်။ ကိုယ်ဘာစိတ်ဝင်စားလဲမသိတဲ့   ကျောင်းသူ/သားတွေကို self-accessment လုပ်ပေးတယ်။  ကျောင်းသားတွေရဲ့လိုအပ်ချက်အတိုင်း ကျောင်းတွေကိုမိတ်ဆက်ပေးပါတယ်။ ဒီလိုလုပ်ပေးမယ့် agent ကိုရွေးချယ်သင့်ပါတယ်။ ကျောင်း သားတွေကိုနိုင်ငံခြားသွားတဲ့အခါ ကိုယ်ရွေးချယ်မယ့်ကျောင်းနဲ့ ဘာသာရပ်အကြောင်းကို သိသင့် သလောက်ရှင်းပြပေးမယ့် agent ကိုရွေးချယ်သင့်ပါတယ်။  ကိုယ်ရွေးချယ်တဲ့ကျောင်းက ကောင်း လား၊  ဆိုးလား၊ ကျောင်းပတ်ဝန်းကျင်၊ အဆောင်ပတ်ဝန်းကျင် အနေအထားများကိုသိသင့်ပါတယ်။ ရွေးချယ်မယ့် major ရဲ့ level of difficulty နဲ့လိုက်နိုင်မလားဆိုတဲ့  အကြာင်းအရာတွေကိုလည်း MSI ကရှင်းပြပေးတယ်။
၁၁။ ကျောင်းတက်ရင်းကြုံတွေ့ရတဲ့အခက်အခဲများနှင့်  ပြည်ပမှာကျောင်းသွားတက်မယ့် ကျောင်းသူ/သား တွေအတွက်  ပညာရေးနဲ့ပက်သက်ပြီးအကြံပြုချက်။
   ကျောင်းကိုစတက်တဲ့ပထမ semester တုန်းကအခက်အခဲတွေက  အများကြီးရှိခဲ့တယ်။ အဲ့ဒီအထဲမှာ   အဆိုးဆုံးကတော့ Research ပိုင်းဆိုင်ရာမှာပေါ့။  Mid-term တုန်းက research paper ရေးခိုင်းတဲ့ အချိန်တော်တော်လေးကို  စိတ်ပျက်ခဲ့မိတယ်။  မြန်မာပြည်မှာတုန်းက research paper ရဲ့ format တွေကိုသိပ်မသင်ခဲ့ရဘူး။  ဒါပေမယ့်ဆရာ၊ဆရာမတွေက  အဲဒီပြဿနာကိုသိတဲ့အခါ သမီးလိုအပ် သလိုကူညီပေးခဲ့တယ်။  freshman ဖြစ်နေဒါအတွက်ကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။  ပြည်ပ မှာကျောင်းသွားတက်မယ့်  ကျောင်းသူ/သားတွေကို IR သွားတက်မယ်ဆိုရင် Research Methods ကိုအနည်းငယ်သိအောင်   လေ့လာခဲ့ပါလို့အကြံပြုချင်ပါတယ်။
 
၁၂။  အသက် (၁၇) နှစ်အရွယ်နဲ့ International Relation ဘာသာရပ်ကိုစိတ်ဝင်တစား သင်ယူရခြင်းနဲ့ အနာဂတ်ရည်မှန်းချက်။
    International Relation ဘာသာရပ်ကစိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုပါ။  IR ဘာသာရပ် ကကိုယ့်ကိုကိုယ်အကျိုးပေးတဲ့အပြင် လိုအပ်သူများကိုပါကူညီလို့ရနိုင်တဲ့ ဘာသာရပ်ပါ။  နိုင်ငံတကာ မှာဖြစ်နေတဲ့ပြဿနာတွေ၊ ဖြစ်ပေါ်နေတဲ့အကြောင်းတွေနဲ့ ဒီပြဿနာတွေရဲ့ဖြစ်နိုင်ခြေ ဖြေရှင်းနည်း တွေကိုလည်း   သိခဲ့ရတာကြောင့်ပိုပြီး   စိတ်ဝင်စားဖို့ကောင်းတယ်။  အနာဂတ်ရည်မှန်းချက်ကတော့ ကိုယ့်နိုင်ငံကိုကိုယ်တက်နိုင်တဲ့ဘက်ကနေ ရသလောက်ပိုတိုးတက်လာအောင် ကူညီပေးချင်ပါတယ်။ အဲ့ဒါကြောင့်လဲ အခုလိုသမီးအသက် (၁၇) နှစ်ရှိသေးပေမယ့်  ကြိုးကြိုးစားစားနဲ့ အမေရိကန် တက္ကသိုလ် Webster မှာ International Relation ဘာသာရပ်ကိုသင်ယူနေတာဖြစ်ပါတယ်။
 
 
 
 
 
 
 
    
 

Comments

There are no comments

Posting comments after three months has been disabled.